အလုပ်ခွင်၌ ကိုရိုနာဗိုင်းရတ်စ်နှင့် ထိတွေ့မှု
အလုပ်ခွင်များ၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ထိတွေ့မှုအလားအလာနှင့် ဆက်နွှယ်သည့် အန္တရာယ်များအကြောင်း သတိပေးနိုးဆော်ချက်
နောက်ကြောင်း ရာဇဝင်
(၂၀၂၀ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အသစ်ပြင်ဆင်ထားသည်)
အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှု ရောဂါပျံ့နှံ့မှုမှာ လက်ဦး၌ Wuhan မြို့၊ Hubei ဒေသ၊ China တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရတ်စ်ကြောင့် ဖြစ်ပွားခဲ့သည်။ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါပျံ့နှံ့မှုကို ကမ္ဘာ့ရောဂါကပ်ဘေးကြီးအဖြစ် ၂၀၂၀ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health Organization (WHO)) မှ ကြေညာခဲ့သည်။ ကမ္ဘာ့ရောဂါကပ်ဘေးကြီးမှာ ကမ္ဘာ့အနှံ့ကူးစက်ပျံ့နှံသည့် ရောဂါဖြစ်ပါသည်။
၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ဗစ်တိုးရီးယားပြည်နယ် အစိုးရသည် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါကူးစက်ပျံ့နှံ့မှုကို လျော့ပါးသွားစေရန်အတွက် အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။
ကိုရိုနာဗိုင်းရတ်စ် ဆိုသည်မှာ အဘယ်နည်း။
ကိုရိုနာဗိုင်းရတ်စ်မှာ ကြီးမားသော ဗိုင်းရတ်စ်အုပ်စုတစ်ခုဖြစ်ပြီး ၎င်းသည် တိရစ္ဆာန်များ သို့မဟုတ် လူများအပေါ် နာမကျန်းမှု ဖြစ်ပွားစေနိုင်သည်။ ကိုရိုနာဗိုင်းရတ်စ် (COVID-19) မှာ လတ်တလော အဖြစ်ဆုံး တွေ့ရှိသည့် ကိုရိုနာဗိုင်းရတ်စ်ဖြစ်ပါသည်။
ကိုရိုနာဗိုင်းရတ်စ် ကူးစက်မှုသည် အပျော့စား အမျိုးအစား မှ အပြင်းအထန် အမျိုးအစားဖြစ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ နာမကျန်းမှု ဖြစ်ပွားနိုင်သည်။
ရောဂါလက္ခဏာများမှာ အပျော့စား နာမကျန်းမှုမှ နယူမိုးနီးယားခေါ် အဆုတ်ရောင်ရောဂါ အထိ ဖြစ်နိုင်သည်။ ကူးစက်ခံရသည့်လူများ ကြုံတွေ့နိုင်သည်မှာ-
- ကိုယ်ပူအဖျားတက်ခြင်း
- ချမ်းဖျားခြင်း သို့မဟုတ် ချွေးထွက်ခြင်း
- ချောင်းဆိုးခြင်း
- လည်ချောင်းနာခြင်း
- အသက်ရှူကျပ်ခြင်း
- နှာရည်ယိုခြင်း
- အနံ့ခံမရခြင်း
အချို့ အခြေအနေများ၌ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ နှာပိတ်ခြင်း၊ အော့အန်ချင်စဖွယ်ဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့လည်း ဖြစ်ပွားနိုင်သည်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (World Health Organization) က အတည်ပြုခဲ့သည်မှာ အဓိက ကူးစက်မှုဖြစ်ရခြင်း နည်းလမ်းမှာ ရောဂါလက္ခဏာရှိသူ လူနာများ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှတစ်ဆင့် ဖြစ်ပါသည်။ ရောဂါလက္ခဏာ မရှိသည့်သူများထံမှ ကူးစက်မှုမှာ ဖြစ်နိုင်သော်လည်း ရှားပါသည်။
အလုပ်သမားများ၏ ကျန်းမာရေးအပေါ် သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ ဘေးကင်းလုံခြုံပြီး အန္တရာယ် မကျရောက်စေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီးထိန်းသိမ်းထားရန် အလုပ်ရှင်များတွင် တာဝန် ရှိသည်။ ၎င်းတွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ထိတွေ့မှု အလားအလာနှင့် ဆက်နွှယ်သည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံမှုအပေါ် ကျရောက်မည့် အန္တရာယ်များကို ဖော်ထုတ်ပေးခြင်း ပါဝင်သည်။
ကျန်းမာရေးအပေါ် ကျရောက်မည့် အန္တရာယ်များကို ဖော်ထုတ်ပေးခြင်း
မိမိတို့၏ အလုပ်ခွင်တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်အထိအတွေ့မှ မိမိ၏ အလုပ်သမားများ၏ ကျန်းမာရေးအပေါ် အန္တရာယ် ရှိမရှိ အလုပ်ရှင်များသည် ဖော်ထုတ်ရမည်။
အန္တရာယ်များနှင့်ဆက်နွှယ်သည့် ဖော်ထုတ်ခြင်းတွင် ပါဝင်နိုင်သည်မှာ-
- ကရိုနာဗိုင်းရတ်စ် (COVID-19) အခြေအနေ တိုးပွားလာနေသည့်အလျောက် ကျွမ်းကျင်သူ အကြံဉာဏ် (ဥပမာ၊ ကျန်းမာရေးနှင့် လူမှုဝန်ဆောင်မှုများ ဌာန (Department of Health and Human Services (DHHS)) မှ – အချိတ်အဆက်လင့်ခ် အောက်တွင်ရှိသည်) ကို စောင့်ကြပ်ကြည့်ရှုပေးခြင်း
- ကူးစက်မှုထိန်းချုပ်ရေး မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ကိုင်ပုံများကို ၎င်းတို့မှာ ထိရောက်ပြီး ၎င်းတို့ကို လိုက်လုပ်နေကြောင်း သေချာစေရန် ပြန်လည်သုံးသပ်ပေးခြင်း
- နောက်ဆုံး သတင်းအချက်အလက် အသစ်ဖြင့် အလုပ်သမားများအား ပညာပေးပြီး အသိပေးထားခြင်း
- အလုပ် လုပ်ကိုင်စရာများကို ထမ်းဆောင်ခြင်းအားဖြင့် အခြားသူများ (ဖောက်သည်များ သို့မဟုတ် အများပြည်သူများကဲ့သို့) အပေါ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှု အန္တရာယ် ကျရောက်မည် မကျရောက်မည်ကို စဥ်းစားပေးခြင်း
- အောက်ပါ အလုပ်သမားများအား စကားပြောဆိုခြင်း-
- ခရီးထွက်ခဲ့သူများ သို့မဟုတ် ခရီးထွက်ရန် စီစဥ်နေသူများ
- ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း အတည်ပြုခံရသူနှင့် အထိအတွေ့ရှိခဲ့သူ
- ကိုရိုနာဗိုင်းရတ်စ် (COVID-19) ၏ ရောဂါလက္ခဏာများရှိသူ
ကျန်းမာရေးအပေါ် ကျရောက်မည့်အန္တရာယ်များအား ထိန်းချုပ်ခြင်း
အလုပ်ခွင်၌ ကျန်းမာရေးအပေါ် ကျရောက်မည့်အန္တရာယ်ကို ဖော်ထုတ်ခံရသည့်ကိစ္စ၌ အလုပ်ရှင်များသည် အဆိုပါ အန္တရာယ်ကို သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သုတ်သင်ရှင်းပစ်ရမည်ဖြစ်ပြီး သုတ်သင်ရှင်းလင်းရန် မဖြစ်နိုင်သည့်အခါ အန္တရာယ်အား သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ လျှော့ချပေးရမည်။
အလုပ်ရှင်များတွင် အလုပ်သမားများနှင့် ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိုယ်စားလှယ်များ (HSRs) နှင့်လည်း သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျနိုင်သမျှ သူတို့အား တိုက်ရိုက် ထိခိုက်မည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်နိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးနှင့်ဆက်နွှယ်သည့် ကိစ္စများကို ဆွေးနွေးရန်လည်း တာဝန်ရှိပါသည်။ ၎င်းတွင် အလုပ်ခွင်၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) နှင့်ဆက်နွှယ်သည့် အန္တရာယ်များကို မည်သို့ ထိန်းချုပ်မည့်အကြောင်း ဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်း ပါဝင်သည်။
လိုအပ်သည့် ထိန်းချုပ်ရန်ဆောင်ရွက်ချက် အမျိုးအစားမှာ ဆက်နွှယ်သည့် အန္တရာယ်များအပေါ် မူတည်သည့်အပြင် အလုပ်ခွင်တစ်ခုချင်းအတွက် ထိန်းချုပ်မှုများ ရရှိနိုင်မှုနှင့် သင့်တော်မှုအပေါ်တို့လည်း မူတည်ပါသည်။ ထိန်းချုပ်သည့် ဆောင်ရွက်ချက်များတွင် ပါဝင်နိုင်သည်မှာ-
- အလုပ်သမားများအား အိမ်မှနေ၍ အလုပ်လုပ်ရန် အကြံပြုခြင်း
- ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ်က ချမှတ်ထားသော အကြံပြုချက်များနှင့်အညီ လူချင်း ခပ်ခွာခွာနေခြင်း လုပ်ဆောင်ချက်များကို အကောင်အထည်ဖော်လုပ်ကိုင်ခြင်း
- အလုပ်သမားများ ကောင်းမွန်သည့် တစ်ကိုယ်ရေ သန့်စင်ရေး ထိန်းသိမ်းထားစေရန် လုံလောက်သော ပံ့ပိုးပစ္စည်းများ သို့မဟုတ် ကုန်ပစ္စည်းများ (ရနိုင်လျှင် လက်ပိုးသတ်သန့်စင်ဆေးရည် ကဲ့သို့) ဖြန့်ချီပေးထားခြင်း
- သင့်တော်သော ကိုယ်ရေးကိုယ်တာ အကာအကွယ်ပေး ကိရိယာ၊ အဆိုပါ ကိရိယာ အဘယ်ကြောင့် လိုအပ်ကြောင်းနှင့် ၎င်းကို မည်သို့ ဘေးကင်းစွာ အသုံးပြုပုံအကြောင်း သတင်းအချက်အလက် သို့မဟုတ် လေ့ကျင့်သင်တန်းအပါအဝင်၊ ဖြန့်ချီပေးထားခြင်း
- ဖုန်းများ၊ စားပွဲများ၊ ရုံးခန်းများ သို့မဟုတ် အခြား အလုပ် ပံ့ပိုးကိရိယာများနှင့် ကိရိယာတို့ကို အတူ ဝေမျှသုံးစွဲခြင်းအား ရှောင်ကြဥ်ခြင်း
- ကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ မူဝါဒ တစ်ရပ်ကို ထူထောင်ပေးခြင်း
- လုံးဝ လိုအပ်သည်မှတစ်ပါး အားလုံးသော အလုပ်-နှင့်ဆက်နွှယ်သည့် ခရီးသွားခြင်းကို ဖျက်သိမ်းခြင်း
- ဖုန်း သို့မဟုတ် ဗွီဒီယိုဖုန်းခေါ်ခြင်းကဲ့သို့ အခြား ဆက်သွယ်ရေးနည်းလမ်းများ သုံးခြင်းဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံစည်းဝေးမှုများကို ရှောင်ကြဥ်ခြင်း
- အလုပ်ခွင်မှ မည်သည့်အချိန်၌ ဝေးဝေးနေရန် အလုပ်သမားများ နားလည်ကြောင်း သေချာစေခြင်း၊ ဥပမာ-
- နိုင်ငံခြား ခရီးစဥ်မှ ပြန်လာသည့်အခါ
- ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း အတည်ပြုခံရသူနှင့် သူတို့ အထိအတွေ့ရှိသည့်အခါ
- သူတို့တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း အတည်ပြုခံရသည့်အခါ
- သူတို့ နေထိုင်မကောင်း ဖြစ်သည့်အခါ – သူတို့၏ ရောဂါလက္ခဏာများမှာ မည်မျှပင် ငြင်ငြင်သာသာ ဖြစ်သည့်တိုင်အောင်ပင် ဖြစ်သည်။
အကယ်၍ အလုပ်သမားတစ်ဦးသည် သူ့တွင် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း အတည်ပြုခံရသူနှင့် နီးနီးကပ်ကပ် အထိအတွေ့ရှိခဲ့သည်ဟု ထင်မြင်လျှင် သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါလက္ခဏာများ မည်မျှပင် ငြင်သာသည်ဖြစ်စေ ဖြစ်ပေါ်လာပါက သူတို့ အလုပ်သို့ မသွားသင့်ပါ။ သွားမည့်အစား သူတို့ လုပ်သင့်သည်မှာ-
- ချက်ချင်း အထိအတွေ့မဲ့ အထီးကျန် ကိုယ်တိုင်နေသင့်သည်၊ မိမိ၏ GP ထံမှ သို့မဟုတ် DHHS 24-နာရီ ကိုရိုနာဗိုင်းရတ်စ် (COVID-19) တိုက်ရိုက်ဖုန်းလိုင်း ဖုန်း 1800 675 398 မှ ဆေးဖက်ဆိုင်ရာ အကြံဉာဏ် တောင်းသင့်သည်၊ ယင်းနောက် စစ်ဆေးမှု ခံယူသင့်သည်
- (ဥပမာ၊ အကယ်၍ မိမိတို့ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း ရောဂါဖော်ထုတ်မှု လက်ခံရရှိလျှင်) မိမိတို့၏ အလုပ်ရှင်ကို အမြန်ဆုံး ပြောသင့်သည်၊ မိမိတို့၏ အလုပ်ခွင်၌ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာသင့်သည်ဖြစ်ပြီး အကယ်၍ မိမိတို့၏ အခြေအနေ ပြောင်းလဲလျှင် မိမိတို့၏ အလုပ်ရှင်ကို ပြောပြသင့်သည်
ကိုရိုနာဗိုင်းရတ်စ် (COVID-19) ထိတွေ့မှုနှင့်ဆက်နွှယ်သည့် အန္တရာယ်ကို သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ သုတ်သင်ရှင်းလင်းပစ်ရန် သို့မဟုတ် လျှော့ချပစ်ရန် အလုပ်ရှင်တစ်ဦး၏ တာဝန်မှာ-
- အလုပ်သမားများသည် အကယ်၍ သူတို့ နေထိုင်မကောင်းလျှင် သို့မဟုတ် သူတို့ ကူးစက်ခံရကြောင်း သံသယဖြစ်လျှင် DHHS (အောက်ပါ အချိတ်အဆက်လင့်ခ်ကို ကြည့်ပါ) ကချမှတ်ပေးထားသည့် သတင်းအချက်အလက်များနှင့်အညီ ဘာလုပ်ရမည် သို့မဟုတ် မည်သူ့အား သတင်းပို့ရမည်ကို သိရှိကြောင်း သေချာစေခြင်း
- ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း စစ်ဆေးမှုအဖြေထွက်သူ အလုပ်သမားများ သို့မဟုတ် ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်းအတည်ပြုခံရသူ အလုပ်သမားများအပါအဝင် နေထိုင်မကောင်းသည့် အလုပ်သမားများ မည်သူကမျှ အလုပ်ခွင်သို့ တက်ရောက်မည် မဟုတ်ကြောင်း သေချာစေခြင်း
အလုပ်သမားများသည် အကယ်၍ သူတို့ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရှိကြောင်း ရောဂါဖော်ထုတ်မှုကို လက်ခံရရှိလျှင် အထူးသဖြင့် သူတို့ အလုပ်ခွင်၌ရှိနေချိန်ဖြစ်လျှင် မိမိတို့၏ အလုပ်ရှင်ကို အမြန်ဆုံး အကြောင်းကြားသင့်သည်။
အလုပ်ရှင်များသည် အကယ်၍ မိမိတို့၏ အလုပ်ခွင်၌ ကိုရိုနာဗိုင်းရတ်စ် (COVID-19) ရောဂါရှိကြောင်း အတည်ပြုခံရလျှင် DHHS ထံမှ အကြံဉာဏ်ကို ချက်ချင်း တောင်းခံသင့်သည်။
လူတိုင်းသည် အလုပ်ခွင်၌ အောက်ပါတို့ကိုလုပ်ခြင်းအားဖြင့် ကောင်းမွန်သော တစ်ကိုယ်ရေ သန့်စင်ရေးကို လုပ်သင့်သည်-
- မိမိတို့၏လက်များကို ဆပ်ပြာနှင့်ရေဖြင့် (အနည်းဆုံး စက္ကန့် ၂၀) ပုံမှန် ဆေးကြောခြင်း သို့မဟုတ် အရက်ပျံကို (အရက်ပျံ အနည်းဆုံး ၆၀ ရာခိုင်နှုန်း) အခြေခံ ထုတ်လုပ်ထားသည့် လက်ပိုးသတ်သန့်စင်ဆေးရည် ဖြင့် ပုံမှန် ပွတ်သတ်ပေးခြင်း
- အကယ်၍ သင့်လက်များမှာ မြင်သာစွာ ညစ်ပတ်နေလျှင် ဆပ်ပြာနှင့်ရေကိုသုံး၍ ဆေးကြောပါ။
- အမြဲအားဖြင့် အောက်ပါကိစ္စများ၌ လက်များကို ဆပ်ပြာနှင့်ရေဖြင့် ဆေးကြောခြင်း
- အစာမစားမီ
- ရေအိမ်သာ သုံးပြီးနောက်
- အများပြည်သူနေရာများကို တက်ရောက်ပြီးနောက်
- ချောင်းဆိုးခြင်း၊ နှာချေခြင်း သို့မဟုတ် နှာညှစ်ပြီးနောက်
- ချောင်းဆိုးခြင်းနှင့် နှာချေခြင်းလုပ်သည့်အခါ မိမိတို့၏ နှာခေါင်းနှင့် ပါးစပ်ကို ဖုံးထားခြင်းနှင့် သုံးပြီးသား စက္ကူတစ်ရှူးကို ချက်ချင်း စွန်ပစ်ခြင်း
- မိမိတို့ကိုယ်တိုင်နှင့် အခြားသူများ အကြား အနည်းဆုံး ၁.၅ မီတာ အကွာအဝေး ခြားထားပေးခြင်း
- ဖုန်းများ၊ ကွန်ပျူတာစာရိုက်ခလုတ်ခုံများ၊ တံခါးလက်ကိုင်များ၊ မီးခလုတ်များနှင့် ခုံတန်းရှည် အပေါ်မျက်နှာပြင်များကဲ့သို့ မကြာခဏ ကိုင်တွယ်သည့် မျက်နှာပြင်များကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးခြင်းနှင့် ပိုးသတ်သန့်စင်ပေးခြင်း
- အကယ်၍ မိမိတို့ နေထိုင်မကောင်းလျှင် ကျန်းမာရေး စောင့်ရှောက်မှု အတတ်ပညာရှင်နှင့် ပြသခြင်း ထို့ပြင် အလုပ်ခွင်နှင့် အခြား အများပြည်သူ နေရာများမှ ဝေးဝေး နေခြင်း
သာမန် အလုပ်လုပ်ရာနေရာ အစား အခြား တည်နေရာများမှနေ၍ အလုပ်လုပ်ခြင်း
ဗစ်တိုးရီးယားပြည်နယ် ကျန်းမာရေး အရာရှိချုပ် (Victoria’s Chief Health Officer) ၏ ညွှန်ကြားချက်မှာ အကယ်၍ သင် အိမ်မှနေ၍ အလုပ်လုပ်နိုင်လျှင် သင် အိမ်မှနေ၍ အလုပ်လုပ်ရမည်။
အိမ်မှနေ၍ အလုပ်လုပ်ခြင်းသည် သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျကျ ဖြစ်မဖြစ်မှာ အလုပ်ခွင်၏ အသေးစိတ်များ၊ လူချင်း ခွာခြင်းအားဖြင့် အလုပ်လုပ်ရန် အလုပ်သမားများအတွက် ရရှိနိုင်သော အလုပ်ခန်းများနှင့် အလုပ်သမားများအတွက် မိမိတို့၏ အလုပ်ကို အိမ်မှနေ၍ လုပ်ကိုင်ရန်အရည်အချင်းတို့အပေါ် မူတည်ပါသည်။
အလုပ်သမားများအနေဖြင့် အိမ်မှနေ၍ အလုပ် လုပ်သင့်မသင့် ဆုံးဖြတ်ချက် ချမှတ်သည့်အခါ အလုပ်ရှင်များသည်-
- အလုပ်သမားများနှင့် HSRs တို့နှင့် ဆွေးနွေးသင့်သည်
- အခြား တည်နေရာတစ်ခုမှ အလုပ်လုပ်ကိုင်ခြင်းအားဖြင့် နောက်ထပ် အန္တရာယ်များ ကျရောက်မည် ဟုတ်မဟုတ် စဥ်းစားသင့်သည်
- ကိုရိုနာဗိုင်းရတ်စ် (COVID-19) အန္တရာယ်များနှင့်ပတ်သက်သည့် နောက်ဆုံးရ သတင်းအချက်အလက်များနှင့်တကွ သင့်တော်သော ထိန်းချုပ်မှုဆိုင်ရာ ဆောင်ရွက်ချက်များကို သိရှိထားသင့်သည်
- မိမိတို့၏ အခြေအနေများနှင့် သက်ဆိုင်သည့် အကြံဉာဏ်ကို အလုပ်သမားနှင့် အလုပ်ရှင် အဖွဲ့အစည်းများနှင့် ဥပဒေဆိုင်ရာ ဌာနများအပါအဝင်တို့ထံမှ အပါအဝင် တောင်းခံသင့်သည်
အချို့ အလုပ်ခွင်များအတွက် အဝေးမှနေ၍ အလုပ်လုပ်ကိုင်ခြင်းမှာ သင့်တင့်လျောက်ပတ်စွာ လက်တွေ့ကျမည် မဟုတ်ပါ (ဖောက်သည်များအား မျက်နှာချင်းဆိုင် တွေ့ဆုံရသည့် အခန်းကဏ္ဍများ၌ ပတ်သက်သူများ သို့မဟုတ် အထူးပြု စက်ရုံ သို့မဟုတ် ကိရိယာအပေါ် အားထားရသည့် အလုပ်မျိုး)။ ဤသို့ဖြစ်သည့်အခါ ကူးစက်မှု ထိန်းချုပ်ရေး လုပ်ထုံးလုပ်နည်းများနှင့် အခြားပုံစံများဖြစ်သည့် လူချင်း ခပ်ခွာခွာနေခြင်းကဲ့သို့ အခြား ထိန်းချုပ်မှုများကို ကူးစက်မှုအား အနည်းဆုံးဖြစ်စေရန် သွတ်သွင်းထားရမည်။
ဥပဒေဆိုင်ရာ တာဝန်များ
အလုပ်ခွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေး အက်ဥပဒေ ၂၀၀၄ ခုနှစ် (Occupational Health and Safety Act 2004 (OHS Act)) အရ အလုပ်ရှင်များတွင် တာဝန်များရှိသည်၊ ၎င်းအရ အလုပ်ရှင်များသည် သင့်တင့်လျောက်ပတ်စွာဖြင့် လက်တွေ့ကျနိုင်သမျှ အောက်ပါတို့ကို လုပ်ရမည်-
- အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့် သီးခြားလုပ်သူများ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အပါအဝင် ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ်များ မရှိစေသော အလုပ်လုပ်ကိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးပြီး ထိန်းသိမ်းထားရမည်
- အလုပ်သမားများနှင့် ကန်ထရိုက်ဖြင့်လုပ်သူများအတွက် ကျန်းမာရေးအပေါ် ဘေးကင်းလုံခြုံပြီး အန္တရာယ် မရှိစေသော နည်းလမ်းဖြင့် မိမိတို့၏ အလုပ်ကို ထမ်းဆောင်နိုင်ရန် လိုအပ်သမျှ သတင်းအချက်အလက်များ၊ ညွှန်ကြားချက်များ၊ လေ့ကျင့်သင်တန်းများ သို့မဟုတ် ကြီးကြပ်ပေးမှုများ လုပ်ပေးရမည်
- အလုပ်သမားများ၏ ကျန်းမာရေးကို စောင့်ကြပ်ကြည့်ရှုပေးရမည်
- အလုပ်ရှင်၏ စီမံအုပ်ချုပ်ရေးနှင့် ထိန်းချုပ်မှု အောက်၌ရှိသော အလုပ်ခွင်နေရာ မည်သည့်နေရာမဆိုရှိ အခြေအနေများကို စောင့်ကြပ်ကြည့်ရှုရမည်
- အလုပ်သမားများအား ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ (သင့်တော်သလို) အင်္ဂလိပ်စာမှလွဲ၍ အခြား ဘာသာစာများဖြင့် အပါအဝင် ပေးအပ်ရမည်
- အလုပ်ရှင်၏ အလုပ်သမားများ မဟုတ်သော အခြားသူများမှာ ၎င်းတို့၏ ကျန်းမာရေးအပေါ် အလုပ်ရှင်၏ တာဝန်ယူထားသည့် လုပ်ရပ်မှ ပေါ်ပေါက်လာသော အန္တရာယ်များ မကျရောက်စေရန် သေချာစေရမည်
- အလုပ်သမားများနှင့် HSRs တို့နှင့် အကယ်၍ ၎င်းသူတို့အား တိုက်ရိုက် ထိခိုက်စေမည့် သို့မဟုတ် တိုက်ရိုက် ထိခိုက်စေနိုင်ဖွယ်ရှိသည့် ကျန်းမာရေး သို့မဟုတ် ဘေးကင်းလုံခြုံရေးတို့နှင့်ပတ်သက်သော အကြောင်းအရာများနှင့် စပ်လျဥ်း၍ ဆွေးနွေးတိုင်ပင်ရမည်
အလုပ်သမားများတွင်လည်း အဆိုပါ အက်ဥပဒေ (OHS Act) အရ တာဝန်များ ရှိသည်၊ ၎င်းအရ အလုပ်သမားများ လုပ်ရမည်မှာ-
- မိမိတို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်
- အလုပ်ခွင်၌ အလုပ်သမား၏ လုပ်ရပ်များ သို့မဟုတ် ပျက်ကွက်မှုများကြောင့် ထိခိုက်နိုင်ဖွယ်ရှိသည့် သူများ၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် သင့်တော်သလို ဂရုစိုက်ရမည်
- အဆိုပါ အက်ဥပဒေ (OHS Act) ပြဌာန်းချက်ကြောင့် သို့မဟုတ် အက်ဥဒေအရ သတ်မှတ်ချက်တစ်ခုကို လိုက်နာလုပ်ဆောင်ရန်အတွက် အလုပ်ရှင်မှ လုပ်ဆောင်သည့် လုပ်ရပ်တစ်ခုခုနှင့်ပတ်သက်၍ မိမိတို့၏ အလုပ်ရှင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်